လဲချား သြဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မျိုးဦးနှင့် ဝန်ထမ်းများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို သြဂုတ်လ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီထိ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)