မိုးနဲ သြဂုတ် ၂၁
နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိပြီး ဘဏ်ပင်စင်စား၊ မြို့ပြပင်စင်စားနှင့် ကာကွယ်ရေးပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ပင်စင်စား ၃၅၈ ဦးရှိပြီး လစဥ် ၂၁ ရက်နေ့နှင့်နောက်ပိုင်း ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များ၌ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီခွဲအချိန်အထိ ထုတ်ပေးလျက်ရှိရာ ပုံမှန်အားဖြင့် ၂၁ ရက်နေ့တွင် ပင်စင်ထုတ်ယူသူ ၁၀၀ ကျော်ခန့်ရှိကြောင်း၊ ထုတ်ယူသူများအနေဖြင့် ထုတ်ယူခွင့်ကတ်ပြား(သို့)ကိုယ်စာလှယ်လွှဲစာကို ယူဆောင်လာမှသာ ဘဏ်မှ စနစ်တကျစီစစ်၍ ထုတ်ပေးလျက်ရှိကြောင်းနှင့် သြဂုတ်လ ၂၂ ရက်နေ့တွင် ကာကွယ်ရေးပင်စင်စား ၁၇၈ ဦးမှ ဆက်လက်လာရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)