ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဩဂုတ်လအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

ကံမ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဩဂုတ်လအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြပင်စင်(၆၁၀)ဦး၊ ကာကွယ်ရေးပင်စင်(၁၄၉) ဦး၊ နိုင်ငံရေးပင်စင်(၇၂)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်(၈)ဦး၊ စုစုပေါင်း ပင်စင်စားအငြိမ်းစားဝန်ထမ်း (၈၃၉)ဦးရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)