ညောင်ဦး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၊ အမျိုးသားစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်တို့ ဖွင့်လှစ်ထားရှိမှုအကြောင်းအရာတို့အား အမှာစကားပြောကြားသည်။
ထို့နောက် ညောင်ဦးခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် စာကြည့်တိုက်မှူး ဒေါ်ဇင်ယုခိုင်က DLMS လက်တွေ့အသုံးပြုရေးသွင်းနည်း၊ စာအုပ်စာစောင်ငှားရမ်းနည်းတို့အား သင်တန်းသား/သူတို့အား လက်တွေ့သင်ကြားပြသည်။ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်ပန်းတောင်းမြို့၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကာ ဩဂုတ် ၂၁ရက်မှ ၂၂ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကာ ညောင်ဦးမြို့နယ်ရုံးမှ ဒေါ်ဇင်ယုခိုင်၊ ငါ့သရောက်မြို့ရုံးမှ ဒေါ်အေးအေးမိုး၊ ကျောက်ပန်းတောင်းမြို့နယ်ရုံးမှ ဒေါ်သဲဖြူတို့က zoom ဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း