ကျောက်ဆည် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်များပျိုးထောင်ထားရှိပြီး ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်းနှင့်တောင်တန်းစိုက်ခြင်းများအတွက် ပျိုးပင်ပေါင်း(၅၁၇၁၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ကျေးရွာသုံးထင်းစိုက်ခင်းအဖြစ် မင်းမွေးတောင်ခြေမှ မြေဧက(၂၅)ဧကအကျယ်တွင် ယူကလစ် (၄၀၅၀)ပင်၊ မဲဇလီ(၂၇၅၀)ပင်၊ သင်္ဘောကုက္ကို(၆၇၀၀)ပင်၊ အခြားစိုက်ခင်းအဖြစ် ရဒါန်းချောင်းဆုံကြိုးဝင်းအကွက် အမှတ်(၇)တွင် မဲဇလီ(၅၅၉၀)ပင်၊ ဒဟတ်(၃၀၀၀)ပင်၊ ဖျောက်ဆိပ်(၉၀၈၈)ပင်၊ သင်္ဘောကုက္ကို(၁၂၅၇၂)ပင်၊ တောင်တန်းစိုက်ခင်းအဖြစ် ရဒါန်းချောင်းဆုံကြိုးဝိုင်းအကွက် အမှတ်(၇)တွင် တမာ(၂၀၂၀)ပင်၊ ဖျောက်ဆိပ်(၂၀၄၀)ပင်၊ သင်္ဘောက္ကို(၄၀၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်းနှင့် တောင်တန်းစိုက်ခင်းများ စိုက်ပျိုးရာတွင် ပျိုးပင်လိုအပ်မှုမရှိစေရေး၊ ယူကလစ်(၄၄၅၅)ပင်၊ မဲဇလီ(၁၀၇၂၉)ပင်၊ သင်္ဘောကုက္ကို(၃၉၃၉၄)ပင်၊ ဒဟတ်(၃၇၅၀)ပင်၊ ဖျောက်ဆိပ်(၁၄၂၁၀)ပင် ပျိုးထောင်ထားရှိပြီး ပျိုးပင်များကောင်းစွာရှင်သန်ရေး သေပျောက်ပျက်စီးသွားသည့် ပျိုးပင်များအား အစားထိုးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)