မန္တလေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနားကျင်းပ

မဟာအောင်မြေ သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

ထို့နောက် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသား/သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် (၅)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဒါနပစ္စည်းများနှင့် vitaminမဟာရဖြည့်စွက်စားများအား (အခမဲ့) တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း