ဝါးခယ်မ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော စာအုပ်စာစောင်များအား ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ကျန်းမာရေးဆိုင်ရာ စာအုပ်စာစောင်များ၊ ဝတ္ထုတိုများ၊ ဘာသာရေးဆိုင်ရာစာအုပ်များ၊ စီးပွားရေးဆိုင်ရာစာအုပ်များ၊ စိုက်ပျိုးရေး/မွေးမြူရေးဆိုင်ရာစာအုပ်များ၊ အင်္ဂလိပ်ဘာသာပြန်စာအုပ်များ၊ အတ္ထုပတ္တိဆိုင်ရာစာအုပ်များ၊ ဆောင်းပါးစာအုပ်များ၊ ကလေးစာပေ/အထွေထွေစာအုပ်များကို ဝါးခယ်မမြို့နယ်အတွင်းရှိ ဦးနု စာကြည့်တိုက်၊ အ-ထ-က(၁) ကျောင်းစာကြည့်တိုက်၊ အ-ထ-က(၂) ကျောင်းစာကြည့်တိုက်နှင့် အစိုးရစက်မှု/လက်မှု သိပ္ပံကျောင်း စာကြည့်တိုက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လိုက်လံထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)