မော်လမြိုင်ကျွန်းမြို့နယ်၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် တည်ဆောက်မည့် စာကြည့်တိုက် အဆောက်အဦသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)အချိန်က အဆိုပါကျေးရွာ၊ စာကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့၌ (၂၅)​ ကြိမ်မြောက် ​ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​​ဒေသကြီး​၊ ရွှေဘိုခရိုင်၊​ ရွှေဘိုတပ်နယ်ခန်းမတွင် (၂၅)ကြိမ်မြောက် ​ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် (၉)နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် အခန်း(၁၅)ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to