ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် PROJECT SHOW 2024 ပြပွဲအခမ်းအနားကျင်းပ

မအူပင် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် PROJECT SHOW 2024 ပြပွဲအခမ်းအနားအား ယမန်နေ့နံနက်(၁၁)နာရီက ကွန်ပျူတာတက္ကသိုလ်(မအူပင်)ရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ကွန်ပျူတာတက္ကသိုလ်(မအူပင်) PROJECT SHOW 2024 ပြပွဲအခမ်းအနားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ မအူပင်တက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာနီနီ‌ဦး၊ နည်းပညာတက္ကသိုလ်(မအူပင်)၊ ပါမောက္ခချုပ်ဒေါက်တာကျော့ခင်နှင့် ကွန်ပျူတာတက္ကသိုလ်(မအူပင်) ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မအူပင်) ပါမောက္ခချုပ်မှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ၎င်းနောက်‌ ကျောင်းသား၊ ကျောင်းသူများပြသထားသည့် PROJECT များအား မအူပင်တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် (မအူပင်)မှ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(မအူပင်)မှ‌ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများမှ လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)၊ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် မအူပင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)