ရွှေဘိုတက္ကသိုလ်၌ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့် ပြည်ထောင်စု​ရွှေး​ကောက်ပွဲ​ကော်မရှင် ဥပဒေဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲ (ဒုတိယအကြိမ်)ကျင်းပ

​ရွှေဘို သြဂုတ် ၂၈

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်​ရေးနှင့် ယဥ်​ကျေးမှုအ​မွေများ ထိန်းသိမ်း​စေ​ရေး သိကောင်းစရာများ(ဒုတိယအကြိမ်) ​ဟော​ပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

​ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ် ပါ​မောက္ခချုပ်ဆရာမကြီး​ ဒေါက်တာမျိုမျိုး၊ ဒုတိယပါ​မောက္ခချုပ်​ဆရာမကြီးဒေါက်တာတင်တင်ရီနှင့်​ ဒေါက်တာမြယဥ်ယဥ်ငြိမ်းတို့က အဖွင့်အမှာစကား​ပြောကြားခဲ့ကြပြီး၊ ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာ​အောင်၊ ကထိကဒေါ်ဝင်းဝင်း​ထွေးနှင့်​ ဒေါ်ဇင်သန့်ဦးတို့က "ဖွဲ့စည်းပုံအခြေခံဥပဒေ"၊ တွဲဖက်ပါ​မောက္ခ​ဒေါ်စန်းစန်း​မော်က "ပြည်​ထောင်စုရွေးကောက်ပွဲ​ကော်မရှင်ဥပ​ဒေ" မြန်မာစာဌာနပါမောက္ခ(ဌာနမှူး)​ ဒေါတာချိုချိုသန်းက "မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် ယဥ်ကျေးမှုအ​မွေများ ထိန်းသိမ်း​စေ​ရေး" စသည့်​ ခေါင်းစဥ်များဖြင့် ​​ဟောပြော​ဆွေး​နွေးခဲ့ကြောင်း သိရသည်။

ဟော​ပြောပွဲသို့​ ပါ​မောက္ခချုပ် ဆရာမကြီး​ဒေါက်တာမျိုမျိုး၊ ဒုတိယပါ​မောက္ခချုပ်​ဆရာမကြီးဒေါက်တာတင်တင်ရီနှင့်​ ဒေါက်တာမြယာဥ်ယာဥ်ငြိမ်း၊ ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၇၅၀) ဦး တက်ရောက်ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)