ရပ်စောက်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်တို့၏ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် တည်ပင်ပြိုလဲမှုဖြစ်ပွားခြင်းအား အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းဆောင်ရွက်

ဩဂုတ်လ ၂၈ ရက်နေ့ညပိုင်းနှင့် ဩဂုတ်လ ၂၉ ရက်နေ့နံနက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၈၀ လမ်း၊ ၆ လမ်း နှင့် ၇ လမ်းကြားတွင် သစ်ပင်တစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး လမ်းဘေးဝဲ/ယာ သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း- ညောင်ဦးကားလမ်းမကြီး၊ လမ်းဘေးဝဲ/ယာတစ်လျှောက်နှင့် ပုဂံ-ချောက်ကားလမ်းမကြီး လမ်းဘေးဝဲယာတို့တွင် စိုက်ပျိုးထားသည့် စိုက်ခင်းများအား မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူပေါင်း၍ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

သာစည်မြို့နယ် သာစည်လေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကြက်မောက်ကျေးရွာအုပ်စု သာစည်လေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဩဂုတ် ၂၇ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် မဒေါ့ပင်စံပြကျေးရွာစာကြည့်တိုက် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မဒေါ့ပင်စံပြကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောက်လုပ်သည့် ကျေးရွာစာကြည့်တိုက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ် သာဂရမြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအား စားနပ်ရိက္ခာများ ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ရှိ အင်ဒိုင်းရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ ငါးခုံးမချောင်းအရှေ့ရပ်ကွက်နှင့် ဆတ်သွား-ချုံအင်းလမ်းပိုင်းတို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to