တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး လမ်းဘေးဝဲ/ယာ သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

ညောင်ဦး  ဩဂုတ်  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း- ညောင်ဦးကားလမ်းမကြီး၊ လမ်းဘေးဝဲ/ယာတစ်လျှောက်နှင့် ပုဂံ-ချောက်ကားလမ်းမကြီး လမ်းဘေးဝဲယာတို့တွင် စိုက်ပျိုးထားသည့် စိုက်ခင်းများအား မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့သည် ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ စိုက်ခင်းနှင့် လမ်းဘေးဝဲ/ယာစိမ်းလန်းစိုပြေရေး သစ်တောစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေစည်းခုံစေတီတော်အား ဖူးမြော်ကြည်ညိုသည်။ ဆက်လက်၍ ပုဂံ-ချောက်ကားလမ်း၊ ဟိုတယ်ဇုန်(၄)ရှိ လမ်းဘေးဝဲ/ယာစိမ်းလန်းစိုပြေရေး သစ်တောစိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ ပြီးနောက် အရှေ့ဖွားစောကျေးရွာမှ ဇယဝေရီကန်အထိ အမာခံမြေသားလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုနှင့် ထီးလိုမင်းလိုဘုရား ရွှေသင်္ကန်းကပ်လှူပြီးစီးမှု အခြေအနေတို့အား ကြည့်ရှု့စစ်ဆေးခဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး လမ်းဘေးဝဲယာ စိမ်းလန်းစိုပြေရေး၊ သစ်တောဦးစီးဌာနမှ တမာ၊ ပိတောက်၊ ကုက္ကို၊ ဖျောက်ဆိပ်၊ ယင်းမာ၊ ယူကလစ်၊ ပဲချယ်ရီ၊ မန်ကျည်း၊ဒဟတ်၊ ညောင်၊ ရေတမာပင်  (၅၈၅၀)ပင် စိုက်ပျိုးရှင်သန် နေပြီးဖြစ်ကာ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ တမာ၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ မဟော်ဂနီ၊ သစ်ပိတောက်ပျိုးပင်၊ ပုဂံ-ချောက် ကားလမ်း ဟိုတယ်ဇုန်(၄)တို့တွင် ပျိုးပင် (၅၈၅၀)ပင်တို့ စိုက်ပျိုးရှင်သန်နေပြီဖြစ်ကြောင်း သိရသည်။

ဒီပါလင်း