ရပ်စောက်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ရပ်စောက် ဩဂုတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောက်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်နှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိတ်သက်များ စာဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အကျင်းကောင်းများ ဖြစ်ထွန်းလာစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ရပ်စောက်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းများ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအား စာအုပ်စာစောင်ငှာရမ်းခြင်းနှင့် အသစ်လဲလှည်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)