သာစည်မြို့နယ် သာစည်လေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

သာစည် ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကြက်မောက်ကျေးရွာအုပ်စု သာစည်လေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဩဂုတ် ၂၇ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြသက်ဝင်းက ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်သည့် လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် အချိန်မီ ပြီးစီးရေးတို့အတွက် ကျေးရွာတာဝန်ရှိသူများနှင့် ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၅.၇၅ သန်းတို့ဖြင့် အရှည် ၆၆၀ ပေ၊အကျယ် ၁၂ ပေနှင့် ၆ လက်မထုခင်းခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု ၆၀ ရာခိုင်နှုန်း ခင်းပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၈၅ အိမ်ရှိပြီး လူဦးရေ ၄၂၉ ဦး နေထိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)