အောင်မြေသာစံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် တည်ပင်ပြိုလဲမှုဖြစ်ပွားခြင်းအား အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းဆောင်ရွက်

မန္တလေး သြဂုတ် ၂၉

ဩဂုတ်လ ၂၈ ရက်နေ့ညပိုင်းနှင့် ဩဂုတ်လ ၂၉ ရက်နေ့နံနက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၈၀ လမ်း၊ ၆ လမ်း နှင့် ၇ လမ်းကြားတွင် သစ်ပင်တစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုတွင် အမရဌာနီအရှေ့ရပ်ကွက်၊ ၈၀ လမ်း၊ ၆ လမ်းနှင့် ၇ လမ်းကြားတွင် အမြင့် ၃၀ ပေ၊ လုံးပတ် ၃ ပေခန့်ရှိ တည်ပင်သစ်ပင်တစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီမှ စတင်၍ အောင်မြေသာစံမြို့နယ်၊ အရန်မီးသတ်တပ်ရင်း၊ တပ်ခွဲ(၃) တပ်ခွဲမှူး ဇော်ဝင်းအောင်(ခ)မောင်မောင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဖယ်ရှားပေးခဲ့ရာ နံနက် ၉ နာရီတွင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။ အဆိုပါ သစ်ပင်ပြိုလဲမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)