စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ တိုးတက်စေရန် ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇလွန်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးမွေးဖွားသူအား ထောက်ပံ့မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သ​ပြေကန်ကျေးရွာမှ ကိုယ်ဝန်ဆောင် အသက်(၂၄)နှစ်အရွယ်မ​ကြည်ဝင်းသည် ဖျာပုံပြည်သူ့ဆေးရုံကြီး ကုတင်(၂၀၀) ဆေးရုံ၌ သြဂုတ်လ (၂၅)ရက်နေ့ နံနက်(၁)နာရီ အချိန်၌ သုံးမွှာပူးမွေးဖွားခဲ့သဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံ​ကြီး သားဖွားမီးယပ်ဆောင်၌ ထောက်ပံ့မှုများဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလေးမြို့ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့က ကျန်းမာရေးစစ်ဆေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များအဖွဲ့က ကျန်းမာရေးစစ်ဆေးစမ်းသပ်ကုသပေးခြင်းကို ဩဂုတ်လ ၂၇ ရက်နေ့က အဆိုပါရိပ်သာ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

စစ်ကိုင်းမြို့တွင် အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် ရွှေမင်းဝံဖလား အမျိုးသား/ အမျိုးသမီး(အလွတ်တန်း)ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ပိုးတန်းရပ်ကွက်ရှိ အားကစားရုံတွင် ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့(ကျိုက္ကော်)အ‌ခြေခံပညာအထက်တန်းကျောင်း၌  ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် တာဝန်ရှိသူများနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက္ကော်ရပ်ကွက်ရှိ အ.ထ.က(ကျိုက္ကော်)ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်မိုး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်မိုးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် မြေသားရေကန်ပြန်လည်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများအား ယမန်နေ့ နံနက်က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to