ရေတာရှည် သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ရှိ အင်ဒိုင်းရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ ငါးခုံးမချောင်းအရှေ့ရပ်ကွက်နှင့် ဆတ်သွား-ချုံအင်းလမ်းပိုင်းတို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများအား စားနပ်ရိက္ခာများထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာချင်းဆက်လမ်းအချို့ ရေကျော်ဝင်ရောက်ကာ သွားလာရန်ခက်ခဲမှုများရှိခြင်းကြောင့် သာဂရမြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ရေဝင်ရောက်သည့် အိမ်ထောင်စုစုစုပေါင်း(၄၅၃)စုအား စားနပ်ရိက္ခာများထောက်ပံ့ပေးပြီး သက်ကြီးဘိုးဘွားများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုလက်ရှိအချိန်အထိ ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တနေထိုင်သူအိမ်ထောင်စု စုစုပေါင်း(၁၁၈)ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)