ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

ဘုတ်ပြင်း ဩဂုတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ အမှတ်(၂) မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စုပေါင်းစိုက်ထူခဲ့သည်။

အဆိုပါမြေစိုက်ဘုတ်စိုက်ထူခြင်းကို ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊  ကလေးသူငယ် ချန်မထား လူကုန်ကူးမှု တိုက်ဖျက်သွား ဆောင်ပုဒ်နှင့်လိပ်မူတိုင်ကြားရမည့် ဖုန်းနံပတ်ပါ မြေစိုက်ဘုတ်အား စုပေါင်းစိုက်ထူခဲ့ကြသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက  လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ထုတ်ဝေသည့်  လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူမှုတားဆီးနှိမ်နင်းရေးဥပပေဆိုင်ရာ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ၊ လူကုန်ကူးမှုခံရလျှင်ခံစားရမည့် ဆိုးကျိုးများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လမ်းသွားလာနေသူများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင့် ခရီးသွားလာနေသူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)