ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ပြည့်ဝဖူလုံရေး ညှိနှိုင်းဆွေးနွေး၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ၊ ကျောင်းကျန်းမာရေး သီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား သြဂုတ် ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ပြည့်ဝဖူလုံရေးနှင့်ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်စီးဆင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်‌ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ ကုန်သည်အသင်းကြီးများ၊ ကုန်စည် ပို့ဆောင်ရေးနှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နယ်မြေအခြေအနေအရ ကုန်တင်ကားကြီးများ တက် ရောက်မှု ရပ်ဆိုင်းထားသဖြင့် အဆိုပါလမ်းပန်းဆက်သွယ်ရေး အခက်အခဲပေါ် အခွင့်ကောင်းယူပြီး ကုန်ပစ္စည်းများ သိုလှောင်၍ အကန့်အသတ်ဖြင့် ဈေးတင်ရောင်းချမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကို မိမိတို့အနေဖြင့် ဒေသခံပြည်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်ပေါ်စေရေး ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြစေလိုကြောင်း၊ အဓိကအနေဖြင့် အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီ၊ ဆေးဝါးနှင့် တိရစ္ဆာန် အစားအစာများကို ပြည့်ဝဖူလုံရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက နယ်မြေအခြေအနေရ ကုန်တင်ကားကြီးများ တက်ရောက်မှု ခေတ္တရပ်ဆိုင်းထားရသည့် အခြေအနေများ၊ မြစ်ကြီးနားမြို့ပေါ်တွင် လတ်တလောဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကုန်စည်တင်ပို့မှု မှန်ကန်ရေးအတွက် နည်းလမ်းများအပေါ် ဆွေးနွေးအကြံပြုတင်ပြ ရမည့်အချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်များအသင်း၊ မြစ်ကြီးနားရေစင်ကွင်းဈေးနှင့် စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများက ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာပြည်အလယ်ပိုင်းနှင့် ကုန်တင်ပို့မှု အ‌ခြေအနေများ၊ ကံပိုင်တည် နယ်စပ်မှတစ်ဆင့် ကုန်စည်များတင်သွင်းမှု အခြေအနေများကို အကြုံပြုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကုန်စည်တင်ပို့မှုလုပ်ငန်းများ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်‌ရေး အတွက် ထိန်းချုပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ၊ ကျောင်းကျန်းမာရေး သီတင်းပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ကြပြီး လေ့ကျင့်‌ရေး အလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ကျောင်းကျန်းမာရေး သီချင်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာပေါ်တွင်ရှိသည့် လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ခာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိ ဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ် လှုပ်ရှားမှုများတွင် အစာအဟာရကို မှီဝဲစားသုံးနေကြရသည့် အတွက် အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုး မှုအတွက်အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်နိုင်ရန်၊ ဘက်စုံပညာရေးကဏ္ဍမြှင်တင်ရေးဟု ပါဝင်သောကြောင့် ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်စေရေး အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် ကဗျာ၊ စာစီ စာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းဆုရသည့် ကျောင်းများအား ဂုဏ်ပြုဆုများကို လည်းကောင်း၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ သရုပ်ပြဖျော်ဖြေတင်ဆက် သည့် ကျောင်းသား/ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြည့် စွက်အစားအသောက်များကို လည်းကောင်း၊ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူမှုဝန်ထမ်း မူကြိုကလေးငယ်များအား ဗီတာမင်အေဆေးများနှင့် လက်ဆောင်အရုပ်များကိုလည်းကောင်း အသီးသီး တိုက်ကျွေးပေးကြပြီး အာဟာရဖွံ့ဖြိုးတိုးတက်ရေး ရက်သတ္တပတ်များ လှုပ်ရှားမှု မှတ်တမ်း ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများက အခမ်းအနားအထိမ်းအမှတ် ဓာတ်ပုံမှတ်တမ်းပြခန်းများနှင့် မူလတန်းကလေးငယ်များအားနွားနို့နှင့်ကြက်ဥကို အာဟာရအဖြစ်ကျွေးမွေးပေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာတို့၏ ရိုးရာယဉ် ကျေးမှုကို ဖော်ထုတ်ပြသသည့် ယခုနှစ်ပြိုင်ပွဲကို ပြည်နယ်အဆင့်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်၍ ဗဟိုအဆင့်တွင် အဆင့်ရှိရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် ကြိုတင်ပြင်ဆင်စီစဉ် ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာ ကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေး၊ ပြိုင်ပွဲဝင်များ စခန်းသွင်းထားရှိသွားမည့် အခြေအနေများ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များကို စိစစ်ရွေးချယ်၍ ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များ၊ အခက်အခဲများ၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲအောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)