ရန်ကုန် သြဂုတ် ၃၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော "ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲ"ကို ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Communication Manager Mr. Mateo Jaramillo Ortega က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပိုင်းအလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မာလာဝင်းနှင့် ဦးကျော်မိုးကြည်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့်အသင်းဌာနချုပ်မှကြက်ခြေနီဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းကို သြဂုတ်လ(၂၉)ရက်နေ့မှ သြဂုတ်လ(၃၀)ရက်နေ့အထိ (၂)ရက်တာကျင်းပမည်ဖြစ်ပြီး အသင်းဌာနချုပ်မှ ကြက်ခြေနီဝန်ထမ်း(၂၀)ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)