သံတောင်ကြီး ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ခြောက်များပြုလုပ်ကြသည်။ မျှစ်များလှိုင်လှိုင်ထွက်ရှိသည့် ယခုအချိန်တွင် မျှစ်ခြောက်များပြုလုပ်ရောင်းချခင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
မျှစ်ခြောက်များ တစ်နှစ်တာလုံးတာရှည်ခံစားသုံးနိုင်ရန် မျှစ်စိုများကို ပါးပါးခြစ်ကာ မနူးတနူးပြုတ်ပြီး အရည်စစ်၍ ထင်းမီး(သို့မဟုတ်)နေနှင့်အခြောက်ခံကာ လုံခြုံစွာသိုလှောင်ထားရှိရသည်။ မျှစ်ခြောက်များကို ကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားသောသီးနှံအသားဟင်းများနှင့်လည်း ရောချက်ရာတွင် အလွန်အရသာကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူ၊ ရန်ကုန်နှင့်အခြားနေရာဒေသများက မှာယူတင်ပို့ရောင်းချကြသည်။
အဆိုပါမျှစ်ခြောက် တစ်ပိဿာကို ကျပ်(၁၅၀၀၀)မှ ကျပ်(၁၆၀၀၀)အထိ ရရှိသည့်အတွက် မျှစ်ခြောက်လုပ်ကိုင်ရောင်းချသူများအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။
နော်နော်မူ