ကန့်ဘလူ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ဝန်ထမ်းများစာပေဖတ်ရှုမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့်မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဓာတ်များ ကိန်းအောင်းလာစေရန်အတွက် ရန်ကုန်ဘဆွေရေးသားသည့် သေသော်မှတည့် သော်ကောင်း၏စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီက ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်၍ ပြန်လည်ဆွေးနွေးမျှဝေခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် သုတရသစာအုပ်စာ စောင်များကို အခမဲ့ငှားရမ်းဖတ်ရှုလေ့လာနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့အတွက်အကျိုးရှိမည့် စာအုပ်စာပေများကိုဖတ်ရှုပြီး ဝမ်းစာပြည့်စေရန် အပတ်စဥ် စာဖတ်ဝိုင်းများကျင်းပ၍ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းများတွင် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရှုခြင်းဖြင့် အသိပညာဖွံ့ဖြိုး တိုးတက်စေရန်နှင့်စိတ်ဓာတ်ခွန်အားများ မြင့်မားလာစေရေး၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ဖြစ်ပေါ်စေပြီး ဝန်ထမ်းများ၏ တွေးခေါ်မှု၊ ဆန်းစစ်အကဲဖန်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် စိတ်ခံစားချက်နားလည်မှုများ မြင့်မားလာစေမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)