ဒဂုံမြောက် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၅၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးစုရပ်သတ်မှတ်ပြီး ရပ်ကွက်တာဝန်ရှိသူများပူးပေါင်း၍ နေ့ချင်းပြီးဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဦးကျော်ကျော်ဝင်း ဦးဆောင်သောအဖွဲ့မှ ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် ၂ ဦး၊ အသက် ၁၈ နှစ်ပြည့် ၁၈ ဦးစုစုပေါင်း ၂၀ ဦးနှင့် အိမ်ထောင်စု(၆)စုတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ပြည်သူများအဆင်ပြေ ချောမွေ့စွာရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး သန်းခေါင်စာရင်းအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်သို့ အလှည့်ကျစုရပ်များသတ်မှတ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)