ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေး

ရန်ကုန် ​သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်အောက်အရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယမန်နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၌ က​လေးငယ်များကို ကာကွယ်‌ဆေးတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုအစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ (ဦးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကလေး(၄၀)ဦးတို့အား ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေး‌ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အထိ  ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)