လပွတ္တာ ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် (၂၀၂၄) ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေများကို တစ်ဧကလျင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ (၄၉)အုပ်စုရှိ တောင်သူ (၄၃၂၀)ဦး၏ စိုက်ပျိုးဧက (၃၈၆၅၃)ဧကအတွက် ငွေကျပ် (၅၇၉၇.၉၅)သန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅%)နှုန်းဖြင့် (၂၀၂၅)ခုနှစ် ဧပြီလကုန် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သန္တာဇော်မင်းထံက သိရသည်။
မူမူ(ပြန်/ဆက်)