မအူပင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းညှိနှိုင်းစည်း‌ဝေးပွဲကျင်းပ

မအူပင် ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများလုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်ထွန်းမှ နယ်မြေလုံခြုံရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ဥပဒေအထောက်အကူပြုရေးအဖွဲ့ အဖွဲ့ဝင်ဦးဌေးအောင်က ဥပဒေရေးရာကိစ္စရပ်များအား လည်း‌ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိဦးအောင်‌ဇော်ဦးက Online လိုင်စင်ကိစ္စရပ်များနှင့် စားသုံးဆီဖြန့်ဝေမှုကိစ္စရပ်များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းမှ ရေကြီးနစ်မြုပ်ကိစ္စရပ်များနှင့် စိုက်တိုးမြှင့်ကိစ္စရပ်များအားလည်း‌ကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်ဝင်းဝင်းမာမှ လူဦးရေနှင့်သန်းခေါင်စာရင်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ့သို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များအား လမ်းညွှန်မှာကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)