ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ

ဘိုကလေး ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးဟောင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သည်။

တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာ(၈၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ကြပြီး မြို့နယ်တွင်းရှိ လူဦးရေစာရင်းများ အချက်အလက်မှန်ကန်စေရေးအတွက် လိုအပ်နေသည်များကို ဖြည့်စွက်နိုင်ရေးကိစ္စရပ်များ၊ လူဦးရေစာရင်းများအား သတ်မှတ်ထားသည့် ဌာနများသို့ အချိန်မီပေးပို့နိုင်ရေး ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းလုပ်ငန်းအတွက် ရပ်ကွက်၊ ကျေးရွာအလိုက် သတ်မှတ်အရေအတွက် ပေးပို့နိုင်ရေး ကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖတ်မှုတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်တွင်းရှိ မြင်းကောင်ရေ(၂၀)လိုင်စင်ကြေးများနှင့် ဘိလိယက်ခုံ လိုင်စင်ကြေးများ ပေးသွင်းနိုင်ရေး ကိစ္စရပ်များအား ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)