စစ်ကိုင်းမြို့တွင် အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ စတင်ကျင်းပ

စစ်ကိုင်း သြဂုတ် ၃၀

၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးဘော်လီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်း ပသည့် ရွှေမင်းဝံဖလား အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက ပိုးတန်းရပ်ကွက်ရှိ အားကစားရုံတွင် ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး စောမြင့်နှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြိုင် ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းလိုက်လံမိတ်ဆက် အားပေးပြီး ထောက်ပံ့ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူများက လက်ခံပေးခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားဘော်လီဘောပြိုင်ပွဲကို စတင်ကျင်းပရာ ယမုံအိမ့်ရှိုင်း အမျိုးသားဘော်လီဘောအသင်းနှင့် လက်ပံလှ လူငယ်အမျိုးသား ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယမုံအိမ့်ရှိုင်း အမျိုးသားဘော်လီဘောအသင်းက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲသို့ အမျိုးသားဘော်လီဘောအသင်း(၁၀)သင်းနှင့် အမျိုးသမီးဘော်လီဘော အသင်း(၇)သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆုများကိုလည်း ထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)