မန္တလေး ဩဂုတ် ၃၀
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သင်တန်းသားများသည် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်အတွင်း လက်တွေ့ကွင်းဆင်း ကောက်ယူကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများ ဖြစ်ကြသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေဦးးမှူး ဦးကျော်လွင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဦးခိုင်နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒေါ်ယုမွန်ကျော်တို့က စာတွေ့လက်တွေ့ သင်ကြားပြသပေးကြပြီး လက်တွေ့သင်ခန်းစာအဖြစ် သန်းခေါင်စာရင်း ကွင်းဆင်း ကောက်ယူခြင်းကို သင်တန်းသားတစ်ဦးလျှင် သုံအိမ်နှုန်းဖြင့် သင်တန်းသား (၃၀)ဦးက အိမ်ထောင်စု(၉၀)ကို စာရင်းကောက်ယူကြသည်။
အဆိုပါ ကွင်းဆင်းကောက်ယူကြရာသို့ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လင်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။
တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်လျက်ရှိပြီး ယခုသင်တန်းသားများသည် သက်ဆိုင်ရာ ခရိုင်၊မြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးကြမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)