သံတောင်ကြီးမြို့နယ်တွင် Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  မြို့နယ်ပညာရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သံတောင်ကြီးမြို့နယ်ရှိ ဆရာ၊ ဆရာမများနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား Mpox (မျောက်ကျောက်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က ကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေးစာပေဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အ.လ.က(စွယ်တော်)စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောင်းသား/ကျောင်းသူများအား စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်ကျရောက်မည့် “ နိုင်ငံတကာစာတတ်မြောက်ရေးနေ့”အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ   ၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက် ဆန်စက်ဝန်းလမ်းနှင့်အမှတ်(၅)လမ်းတို့တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက် ဆန်စက်ဝန်းလမ်းနှင့်အမှတ် (၅)လမ်းရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယမန် နေ့နံနက်ပိုင်းက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်ရှိ မိုင်းတုံ-မိုင်းဆတ်သွားလမ်း၊ (၁၆) မိုင်ကျေးရွာအနီး ကတ္တရာခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအ‌ခြေအနေအား ကွင်းဆင်းစစ်‌‌ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေ (၃၂.၃၆) သန်းဖြင့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း၊ (၁၆)မိုင်ကျေးရွာအနီးရှိ လမ်းအရှည် ၃၃၀ ပေ၊ လမ်းအကျယ် (၁၈) ပေ လမ်းထု (၁၂) လက္မ ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်‌နေမှုအခြေအနေကို မြို့နယ်လမ်ဦးစီးဌာနနှင့် မြို့နယ်လမ်းအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြီးစီးမှုအ‌ခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) သို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။

မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်မိုးစပါး (၆၄၁၁၂) စိုက်ပျိုးရန်လျာထား

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၆၄၁၁၂) ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။

ရွှေတောင်မြို့နယ် အ.မ.က (ဖိုးသိန်းတန်) နှင့် အ.မ.က (ကြက်ဖြူတောင်) ကျောင်းတို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က(ဖိုးသိန်းတန်)နှင့် အ.မ.က (ကြက်ဖြူတောင်) ကျောင်းတို့တွင် ယမန်နေ့နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီပါဌာနဆိုင်ရာများပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Subscribe to