မြစ်သား စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက် ဆန်စက်ဝန်းလမ်းနှင့်အမှတ် (၅)လမ်းရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယမန် နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ကူမဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက်ဆန်စက်ဝန်းလမ်း( ၅၅၀’x၁၂’x၉” )ရှိပြီး အမှတ်(၅)လမ်း( ၈၀၀'x၁၂'x၉") ရှိ လမ်းတို့အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်လမ်းလုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာတစ်ဦးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးအောင်က အရည် အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး လိုအပ်သည်များကို မှာကြားခဲ့သည်။
မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ ပန်းအလှပင်များနှင့်အရိပ်ရပင်များ စိုက်ပျိုးပေးခြင်း၊ လမ်းဘေးဝဲ/ယာများရှိ အမှိုက်များ၊ ပေါင်းမြတ်များ ရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနှုတ်မြောင်းများ တူးဖော်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)