စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ရဟန်းပညာရှိ၊ လူပညာရှိ၊ စာဆိုအကျော်အမော်များ ထွက်ရှိရာဒေသဖြစ်သကဲ့သို့ ယဉ် ကျေးမှုအနှစ်သာရများ ထွန်းကားခဲ့ပြီး စာဆိုအနုပညာရှင်များထွက်ပေါ်ရာ ရေခံမြေခံကောင်းသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မီးခဲပြာဖုံး ဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ၊ အဆင့်မြင့်ကျောင်းများ၊ ဝန်ထမ်းများနှင့် ရပ်ကွက် ကျေးရွာနေပြည်သူများအတွင်း အလားအလာရှိသည့် ရွက်ပုံးသီးအနုပညာရှင်၊ ဝါသနာရှင် များအား ရွေးချယ်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အကဲဖြတ်ဒိုင်များအနေဖြင့်လည်း နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များရရှိရေးအတွက်  မှန်မှန် ကန်ကန်ဖြင့်  ဘက်လိုက်မှုမရှိဘဲ အဂတိတရားကင်းစွာဖြင့် စိစစ်ရွေးချယ်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကြီး ဦးတည်ချက်များအား ထမြောက်အောင်မြင်အောင် တာဝန်ပေးအပ်ထားရှိသည့် ကော်မတီဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းတို့က တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပသွားမည့် လုပ်ငန်းအခြေအနေများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအခြေအနေ များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြား/ကြိုဆို/နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်းကောင်း၊ ပို့ဆောင်ရေးကော်မတီ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ လည်းကောင်း၊ ပြန်ကြားရေးသတင်း ကော်မတီ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်းကောင်း၊ လုံခြုံရေးကော်မတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှလည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှလည်းကောင်း၊ ဆုချီးမြှင့်ရေးကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်းကောင်း၊ အကဲဖြတ်လုပ်ငန်းကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ လည်းကောင်း၊ ပြိုင်ပွဲဝင်စိစစ်ရေး ကော်မတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လည်းကောင်း တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေ များအား အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မိမိတို့ခရိုင်များအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အတွင်း ခရိုင်များရှိ အနုပညာရှင်ကြီးများမှ ပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ဝင်ရောက် ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်များက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ကျင်းပရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။              

တိုင်းဒေသကြီး(ပြန်/ဆက်)