နတ်မောက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) သို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
“ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင် များနှင့် ရင်းနှီးကျွန်းဝင်လာသည့်အပြင် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့်အသိပညာဗဟုသုတများ တိုးပွား လာစေရန်နှင့် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဆရာ/ ဆရာမ များအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့် တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁)ကြိမ် စာအုပ်၊ စာစောင်များ လှဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။
လှဝင်း