နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်ပြီး တပ်ကုန်းမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နှင်းဆီလမ်း၊ ပြည်လမ်း၊ ပြည်(၁)လမ်း၊ ခတ္တာလမ်း၊ ခတ္တာ (၁) လမ်း၊ အောင်ပန်းလမ်းနှင့် တောင်ကြီးလမ်းတို့တွင် အဓိကရေထုတ်မြောင်းနှင့် လမ်းဘေးရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများအသုံးပြု၍ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ရေမြောင်းများအတွင်း အမှိုက်နှင့် သဲနုန်းများမရှိစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ ရေမြောင်းပတ်ဝန်းကျင်တွင် မြက်ချုံနှင့် သစ်ကိုင်များ၊ အမှိုက်များမရှိစေရေး စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ ကားလမ်းနှင့် လမ်းဘေးဝဲယာများတွင် ရေတင်ရေဝပ်ခြင်းများ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်တို့ကို မှာကြားသည်။