မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်မိုးစပါး (၆၄၁၁၂) စိုက်ပျိုးရန်လျာထား

မြို့သစ် စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၆၄၁၁၂) ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။

မိုးစပါးကို ဇွန်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာဖြင့်လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့်လည်း‌ကောင်း ကူညီစိုက်ပျိုးပေးလျက်ရှိသည်။

၂၀၂၄/ ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်းကို ရေမြေသဘာဝအလိုက် စိုက်ပျိုးခဲ့ကြောင်း၊ စပါးမျိုးများမှာ ဆင်းသုခ၊ ရတနာတိုး၊ ရက်ကိုးဆယ်၊ ဗီယက်နန် ၊ ထိုင်းနှံကောက်၊ YSR-1  စပါးမျိုးတို့ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)