လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောင်ယူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းယန်း စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အကြောင်းအရာများကို ဒေသခံတိုင်းရင်းသားပြည်သူများ သိရှိနိုင်စေရန်ု ယမန်နေ့ ည ၇ နာရီ ဈေးတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးစိုင်းလှိုင်ခမ်းက အဖွင့်အမှာစကားပြောကြားပြီး မိုင်းယန်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်က သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာများ၊ သန်းခေါင်စာရင်းဥပဒေတို့ကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေက ပြည်သူများအး သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အကြေုာင်းအရာများကို ပိုမိုသိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး