အထက်မင်းလှ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆေးဝါး၊အလှကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များနှင့် ဇေယျာသီရိဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါး၊အလှကုန်နှင့် စားသောက်ကုန်များရောင်းချနေသည့် ဆိုင်များအနေဖြင့် မှတ်ပုံတင်ထားသော ဆေးဝါး၊အလှကုန်နှင့်စားသောက်ကုန်များ ရောင်းချရေး၊စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရရှိစေရေး၊ ကုန်စည်များ အပေါ်ယုံကြည်စိတ်ချရမှုရှိစေရေး၊ ကုန်စည်များအပေါ်တွင် ကုန်စည်အမျိုးအစားလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိနှင့် သက်တမ်းလွန် ဆေးဝါး၊အလှကုန်နှင့်စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးလုပ်ငန်းရှင်များအား ဆေးဝါး၊အလှကုန်နှင့် စားသောက်ကုန်များ ရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(ဆေးဝါး) ဒေါ်သဲဦးဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)