အောင်မြေသာစံမြို့နယ်၊ အ.ထ.က(၈)တွင်  ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

မန္တလေး စက်တင်ဘာ ၇

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ဧသီဒါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် Video Clip ပြသပြီး အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ကြသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများနှင့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အမေး/အဖြေကဏ္ဍ ဆောင်ရွက်ပြီး အမေး/အဖြေကဏ္ဍတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)