ကျောက်ဆည် စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်လျက်ရှိသော ကျေးရွာများအား ချေးငွေများ ထုတ်ချေးပေးလျက်ကြောင်း သိရှိရပြီး ယနေ့ နံနက်ပိုင်းက ရေသရောက်ကျေးရွာတွင် (ဒဿမ) အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၇၀၂)သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရေသရောက်ကျေးရွာသည် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများကို အဓိထားလုပ်ကိုင်ပြီး ၂၀၁၅ ခုနှစ် ဩဂုတ်(၁၁)ရက်နေ့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုထုတ်ချေးပေးသော မြစိမ်းရောင်စီမံကိန်းငွေသည် (ဒသမ)အကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ချေးငွေများကို စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၅)ဦးအား ငွေ(၂၀၂)သိန်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၈၄)ဦးအား ငွေ(၄၂၂)သိန်းကျပ်နှင့် အရောင်းအဝယ် လုပ်ကိုင်သူ (၁၃)ဦးအား ငွေ(၇၈)သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် ရေသရောက်ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်း အဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အခြားပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)