ဘုတ်ပြင်း စက်တင်ဘာ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိသားစုများမှ ဝါတွင်းကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဝါဆိုသံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များ အခက်အခဲမရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်းလျက်ရှိရာ ယနေ့နံနက်က ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာသီရိနွေးနှင့် ဝန်ထမ်းများက ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဓမ္မဉာဏထံသို့ (၂၄)ပြည့်ပါ ဆန်အိတ်(၃)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကုလားပဲ(၃)ပြည်၊ သင်္ကန်း(၁)စုံတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)