ဘားအံ စက်တင်ဘာ ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် လာရောက်ဂါရဝပြုတွေ့ဆုံသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့တို့သည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးနှိမ်နင်းနိုင်ရေး၊ တရားဝင် MOU အလုပ်သမာများအား ဥပဒေအကာအကွယ်ပေးနိုင်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)