တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးသင်တန်းသို့ သရုပ်ပြမွေးမြူရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

ကော့သောင်း စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း‌ဒေသကြီးနှင့်  ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး‌၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်လျက်‌ရှိသော စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးသင်တန်းကျောင်းသို့ ယမန်နေ့ နံနက် (၉) နာရီခွဲခန့်က သွားရောက်၍ သရုပ်ပြမွေးမြူရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြား၍ ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ်များ ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လက်တွေ့ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)‌