ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကြံခင်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် တောင်သူများစိုက်ပျိုးရေး လုပ်ငန်းသုံးဆေးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် မြို့နယ်စိုက်တိုးမြှင့်ကော်မတီအဖွဲ့ဝင်များက  ဘက်ရဲမြို့အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးမှူး ဦးစတိုင်းသာယာနှင့် အဖွဲ့ဝင်များက ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများဖြင့် ပူးပေါင်းပြီး ဘက်ရဲမြို့အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဆိုင်(၇)ဆိုင်တွင် ဓာတ်မြေဩဇာများအား ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)