ကျောင်းကုန်း စက်တင်ဘာ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်ဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ကျောင်းကုန်းမြို့နယ်၊ ဆိပ်ဖူးနီအုပ်စု၊ ဆိပ်ဖူးနီကြီးကျေးရွာ၊ အနန္တ ဂုဏ်ရည်ကျောင်းတိုက်၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက ကျေးရွာကတောင်းဆိုသော သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထူးချွန်သင်တန်းသား(၅)ဦးကို ဒေသဖွံ့ဖြိုးရေး သုံးပစ္စည်းများပေးအပ်မည်ဟု ပြောကြားခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို စက်တင်ဘာ လ(၉)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်း သား(၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ လာမည့်အောက်တိုဘာလ(၁၆)ရက် နေ့မှ(၃၀)ရက်နေ့အထိ ထပ်မံ၍ မွမ်းမံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)