ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ကျောက်တံခါး စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့က အခြေခံပညာမူလတန်း (လွန်) (သာယာကုန်း) ကျောင်းနှင့် အခြေခံပညာအလယ်တန်း(ကံကလေး)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနုလှိုင်က အဖွင့်အမှာစကားပြောကြားကြပြီး ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က စာဖတ်ဖို့အချိန်လေးပေးပါ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဟောပြောဆွေးနွေးပါသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းများကို ဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ၊ ကလေးအလုပ်သမားအခွင့်အရေးဆိုင်ရာ၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သိကောင်းစရာ၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)