နမ့်စန်မြို့တွင် နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရပ်ကွက် (၃)ခုရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယမန်နေ့နံနက် ၄ နာရီခန့်မှစတင်၍ ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။