မန္တလေး စက်တင်ဘာ ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပါင်း၍ကျင်းပသော လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်စေတနာခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့် လည်းကောင်းလည်းကောင်း အသီးသီးပညာပေးဟောပြောကြပြီးကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနား မစ'တင်မီနှင့်အခမ်းအနားအပြီးတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြင့်မော်ထွန်း