ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန် ပြန်လည်တည်ဆောက်ပြီးစီးသည့် "ရေလယ်ဘုရားကျောင်းဆောင်" အတွင်း ကိန်းဝပ်စံပါယ်တော်မူသော "မာရဝိဇယပုံတူမြတ်စွာဘုရား" ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန်ပြန်လည်တည်ဆောက်ပြီးစီးသည့် “ရေလယ်ဘုရားကျောင်းဆောင်”အတွင်း ကိန်းဝပ်စံပါယ်တော်မူသော “မာရဝိဇယပုံတူမြတ်စွာဘုရား”ကို ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးနှင့် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် (Mobile Library Bus) ဖြင့် ကျေးရွာနှင့် စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့နံနက်ပိုင်းက အ.ထ.က (၄) ကျောင်း၊  မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

ခရိုင်သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ  ကြက်မင်းတွန်ရပ်ကွက်အတွင်း ဇော်ဂျီမြစ်ရေဝင်ရောက်မှုမရှိစေရေး ဇော်ဂျီမြစ်ကမ်းပါးအား သဲအိတ်ဖို့ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်ရေများလျှံတက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ကြက်မင်းတွန်ရပ်ကွက်အတွင်း ဇော်ဂျီမြစ်ရေ ဝင်ရောက်မှုမရှိစေရေး သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေလျှံမှုကြောင့် သီးနှံမျိုးစုံ(၁၈၆၉၃)ဧက ရေဝင်နစ်မြုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး  ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ယမန်နေ့ညနေ ၃နာရီအချိန်တွင် သီးနှံမျိုးစုံ(၁၈၆၉၃)ဧက ရေဝင်နစ်မြုပ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများရှိ နုန်း၊ သဲများ ဆယ်ယူရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် ပြည်သူများ ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့တွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်   အမှိုက်သရိုက်များနှင့် နုန်း ၊ သဲများ ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှေးဟောင်း ပုဂံခေတ်ရေကန်များအတွင်းသို့ ရေများ စတင်ဝင်ရောက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ဆယ်ယူလျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီအချိန်က ရွာသွန်းသည့်မိုးဖြင့် ရေကန်များအတွင်း ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။

ကျွန်းလှမြို့၌ နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် သံပုရာပင် (ဗမာ) စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် သံပုရာပင် (ဗမာ) စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၅/၂၀၂၄) ဆင်းပွဲကျင်းပ

လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ လေ့လာကျွမ်းကျင်တတ်မြောက်စေရန်နှင့် အလုပ်အ ကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်( ၅/၂၀၂၄)ဆင်းပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to