ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ငလိုက်ရေ‌လှောင်တမံ ရေပိုလွှဲမှ ရေတစ်ပေခန့် စီးဆင်းလျက်ရှိ

ဥတ္တရသီရိ စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်(အနောက်)ကျေးရွာရှိ ငလိုက်ရေ‌လှောင်တမံရေပိုလွှဲမှ ယမန်နေ့နံနက် ၁၁ နာရီခန့်က ရေတစ်ပေခန့် စတင်စီးဆင်းလျက်ရှိကြောင်း သိရသည်။

ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများကို တမံတာဝန်ခံများမှ အမြဲမပြတ်စောင့်ကြည့်လျက်ရှိပြီး ‌အရေးပေါ်ဖြစ်ပေါ်လာမည့် သဘာဝဘေးအခြေအနေများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)