မင်းလှမြို၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေး ပွဲတွင်ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သော ဆရာမများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မင်းလှအခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးစန်းအောင်နှင့် မြို့နယ်ပညာ‌ရေးမှူး ဦးညွန့်ဝင်းတို့က အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်က ဆုချီးမြှင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ရာ တက္ကသိုလ် ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သော ဆရာမများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးစန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ မင်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၆) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၆) ဦး၊ (၁) ဘာသာဂုဏ်ထူး ရရှိသူ (၁၃) ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)